ကန့်ဘလူ မေ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဧပြီလက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သွားသော နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို မေ ၄ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က ထောက်ပံ့ငွေ ပေးအပ်သည့်ပုံစံများကို ရှင်းလင်းပြောကြားပြီး လေပြင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မှော်တော် ကျေးရွာ၊ ငါတို့ကျေးရွာ၊ ချပ်ကြီးကျေးရွာမှ မိုင်းနင်းမိ၍ဒဏ်ရာရသူ ဆရာတော်နှင့် ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်မှ မီးဘေးသင့်နေအိမ်တို့အတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူများထံ ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် မတ် ၁၅ ရက်က ချပ်ကြီးကျေးရွာမှ မိုင်းနင်းမိ၍ဒဏ်ရာရသူ ဆရာတော်အား ကျပ် ၅၀၀၀၀၊ ဧပြီ ၁၁ ရက်က ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်မှ မီးဘေးသင့်နေအိမ် တစ်လုံး၊ မိသားစု သုံးဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၂၀၆၃၀၀၊ ဧပြီ ၂၂ ရက်က မှော်တော်ကျေးရွာမှ လေပြင်းဒဏ်သင့် နေအိမ် ၃၆ လုံး၊ လူဦးရေ ၁၇၁ ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၂၁၅၉၁၀၀၊ ငါတို့ကျေးရွာမှ လေပြင်းသင့် နေအိမ် တစ်လုံး၊ လူဦးရေ နှစ်ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၅၄၂၀၀ တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)