ကန့်ဘလူ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးရာသီ မေလကုန်ပိုင်းမှ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု ကောင်းမွန်ခဲ့၍ မိုးရာသီ သီးနှံစုံ ၉၈ ဒသမ ၅၄ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်တွင် မိုးရာသီ သီးနှံစုံ စိုက်ထားဧကမှာ ၅၉၅၇၄၃ ဖြစ်ပြီး ယနေ့အထိ ၅၈၇၀၃၂ ဧက စိုက်ပျိုးနိုင်ခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၅၄ စိုက်ပျိုးနိုင်ခဲ့သည်။

မြို့နယ်အတွင်း သီးနှံအမျိုးအစားအလိုက် မိုးစပါး လျာထားဧက ၁၄၉၀၁၅ တွင် ၁၅၂၆၆၁ ဧက စိုက်ပျိုးပြီးစီး၍ ရာခိုင်နှုန်းအနေဖြင့် ၁၀၂ ဒသမ ၄၅ ရာခိုင်နှုန်း၊ ပဲတီစိမ်း လျာထားဧက ၈၈၉၂၄ တွင် ၈၈၇၂၀ ဧက စိုက်ပျိုးနိုင်ပြီး ၉၇ ဒသမ ၇၇ ရာခိုင်နှုန်း၊ ပဲစင်းငုံ လျာထားဧက ၁၄၃၁၈၆ တွင် ၁၃၈၂၂၃ ဧက စိုက်ပျိုးနိုင်ပြီး ၉၆ ဒသမ ၅၃ ရာခိုင်နှုန်း၊ စွန်တာပြာ လျာထားဧက ၂၁၃၉ တွင် ၂၁၃၂ ဧက စိုက်ပျိုးနိုင်ပြီး ၉၉ ဒသမ ၆၇ ရာခိုင်နှုန်း၊ ထောပတ်ပဲ လျာထားဧက ၇၇၅ တွင် ရာနှုန်းပြည့်၊ ကျန်အခြား ပဲ လျာထား ၃ ဧကတွင်လည်း ရာနှုန်းပြည့်၊ မြေပဲ လျာထားဧက ၅၁၅၀၉ တွင် ၅၁၅၈၁ ဧက စိုက်ပျိုးနိုင်ပြီး ၁၀၀ ဒသမ ၀၃ ရာခိုင်နှုန်း၊ နေကြာ လျာထားဧက ၅၄ တွင် ၇၄ ဧက စိုက်ပျိုးနိုင်ပြီး ၁၃၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ ကြံသီးနှံ လျာထားဧက ၁၈၀၆၆ တွင် ၉၅၆၈ ဧက စိုက်ပျိုးနိုင်ပြီး ၅၂ ဒသမ ၉၆ ရာခိုင်နှုန်း၊ ဝါသီးနှံ လျာထားဧက ၂၆ တွင် ၁၇၉ ဧက စိုက်ပျိုးနိုင်ပြီး ၆၈၈ ဒသမ ၄၆ ရာခိုင်နှုန်း၊ အခြား သီးနှံပေါင်း (အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ကျွဲနွားစာ) ၁၁၈၂၉၅ တွင် ၁၀၆၇၇၆ ဧက စိုက်ပျိုးနိုင်ပြီး ၉၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ နှစ်ရှည်ပင်များ (ငှက်ပျော၊ ထန်း၊ အုန်း) ၃၃၅၄၆ တွင် ၃၅၇၈၁ ဧက စိုက်ပျိုး နိုင်ပြီး ၁၀၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပရဆေးပင်များ(လျှော်ဖြူ၊ ကြယ်ပဲ) ၁၂၉ တွင် ၆၂၀ ဧက စိုက်ပျိုးနိုင် ပြီး ၄၈၀ ဒသမ ၆၂ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)