ကန့်ဘလူ ၂၂ ဒီဇင်ဘာ 

စီးပွားရေးကျွန်းစိုက်ခင်းများ တည်ထောင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူတို့၏ စားဝတ်နေရေးကို အထောက်အကူဖြစ်စေရန်နှင့် စဉ်ဆက်မပြတ် အကျိုးစီးပွားခံစားနိုင်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီး သော်ကြိုးဝိုင်းတွင် ၂၀၁၉ ခုနှစ် မိုးရာသီက စတင်စိုက်ပျိုးခဲ့သော စီးပွားရေးကျွန်းစိုက်ခင်း အကွက်အမှတ် ၁၄၂ တွင် ကျွန်းစိုက်ဧက ၁၅၀ နှင့် အကွက်အမှတ် ၁၄၃ တွင် ကျွန်းစိုက်ဧက ၄၀ဝ စုစုပေါင်းဧက ၅၅၀ ကိုစိုက်ပျိုးခဲ့ရာ ယခုအခါ စိမ်းလန်းစွာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

a

 

သစ်တောအတန်းအစားကျဆင်းခြင်း၊ သစ်တောပြုန်းတီးခြင်းများ ဖြစ်ပေါ်နေသည့် သစ်တောဧရိယာများ၊ ဓမ္မာတာနည်းအရ မျိုးဆက်ရန်မဖြစ်နိုင်သောတောများ၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်းနည်းအရ ပြုစုဆောင်ရွက်ပေးခြင်းဖြင့် လုံလောက်မှုမရှိတော့သည့် တောများကို စီးပွားရေးသစ်တောစိုက်ခင်းများ တည်ထောင်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းထွန်းနိုင်က ပြောကြားသည်။

 

a

 

သစ်တောများသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ကောင်းမွန်ရေးအတွက် အရေးပါလျက်ရှိပြီး သစ်နှင့်သစ်တောထွက်ပစ္စည်းများ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ တရားမဝင်သစ်ခုတ်ခြင်း၊ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းနှင့် မြို့ပြဧရိယာများ တိုးချဲ့ခြင်း စသည့်အကြောင်းအရင်းများကြောင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားများ ကျဆင်းခြင်းများ ပိုမိုဖြစ်ပွားခဲ့ကြောင်း၊ သစ်တောသည် နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအပြင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ကောင်းမွန်ရေးအတွက်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)