ကန့်ဘလူ ၂၀ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်တွင် မီးလောင်ဆုံးရှံးခဲ့သော အိမ်ထောင်စုအား ယနေ့ ညနေ ၄ နာရီက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀၀၊ ဆန်ရိက္ခာ ခုနစ်ရက်စာဖိုး ငွေကျပ် ၄၂၀၀ တို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပေးအပ်ခဲ့သည်။

 

“ကျွန်တော်တို့ ဌာနအနေနဲ့ သဘာဝဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်ပေါ်တတ်သော အန္တရာယ်များကြောင့် ဘေးဒုက္ခ ခံစားကြရတဲ့ ပြည်သူများကို လတ်တလော စားဝတ်နေရေး ပြေလည်စေရန်အတွက် ကူညီထောက်ပံ့ခြင်း ဖြစ်ပါတယ်” ဟု ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးမျိုးဇော်က ပြောသည်။

 

အဆိုပါ မီးလောင်မှုသည် ဧပြီ ၂၀ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)