ကန့်ဘလူ ဇွန် ၂၀

                    

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်းကို ဇွန် ၂၀ ရက်နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

                  

အခမ်းအနားတွင် ခရိုင်စိုက်ပျိူးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

                  

အဆိုပါသင်တန်းသို့ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ကန့်ဘလူမြို့နယ်တွင် မိုးစပါးအပါအဝင် ပဲမျိုးစုံ၊ဆီထွက် သီးနှံ၊ ကြံ၊ နှစ်ရှည်ပင်၊ ပရဆေးပင်နှင့်အခြားသီးနှံ စုစုပေါင်း ၅၈၇၁၃၂ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးသီးနှံစုံ ၆၃၅၅၈ ဧကစိုက်ပျိုးပြီးစီးပြီး ကျန်သီးနှံများကိုလည်း လျာထားဧက ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)