ကန့်ဘလူတွင် မြန်မာစာအရေးအဖတ် အခြေခံသင်တန်းဖွင့်မည်

ကန့်ဘလူ ၄ မတ်

ကျောင်းသားကျောင်းသူလူငယ်များ နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် မြန်မာစာ ရေးသားမှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ မြန်မာစာအရေးအဖတ် အခြေခံသင်တန်းကို မတ် ၁၂ ရက်မှ ၂၃ ရက်ထိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူများအဖွဲ့(Book Club)တို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များအတွက် မြန်မာစာအရေးအဖတ် အခြေခံမှစ၍ ပိုမိုကျွမ်းကျင်လာစေရေး ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်သင်ယူလေ့လာနိုင်ပြီး လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လူစည်ကားရာ နေရာများ၌ ဗီနိုင်းပိုစတာများ ကပ်ထားကြေညာထားသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)