ကန့်ဘလူတွင် ယာဉ်များသက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်ပြုလုပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ကန့်ဘလူ   ၁၉   အောက်တိုဘာ

 

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံး၌ ရွှေဘိုခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊မြန်မာ့အာမခံလုပ်ငန်း၊လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုဌာနတို့ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက်နံနက် ၉ နာရီမှစတင်၍ နယ်လှည့်ရွေ့လျားစနစ်ဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း၊ မော်တော်ဆိုင်ကယ်စီးလိုင်စင် အသစ်ပြုလုပ်ခြင်း၊ မော်တော်ယာဉ်မောင်းလိုင်စင်အသစ်ပြုလုပ်ခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် နယ်လှည့်ရွေ့လျားစနစ်ဖြင့် သက်တမ်းတိုးလုပ်ငန်း လာရောက်လုပ်ဆောင်သူ ယာဉ်ပိုင်ရှင်များအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးဟောပြောမှုများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သက်တမ်းတိုးနှင့်လိုင်စင်အသစ်ပြုလုပ်ပေးခြင်းတို့ကို ညနေ ၄ နာရီထိ နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)