၁၈ ရာစုတွင် ဆီကြိတ်လုပ်ငန်းနည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် တင်ပူရာကြော်ဆိုင်များ လူကြိုက်များ လာခဲ့သည်။
ပါဝင်ပစ္စည်းများ (တစ်ဦးစာ)
ကန်စွန်းဥ တစ်လုံး ( ၁ ဒသမ ၅ စင်တီမီတာအထူ အဝိုင်းများ လှီးပါ။)
ဂျုံမှုန့် ( လိုအပ်သလောက်)
တင်ပူရာအနှစ် ပြုလုပ်ရန်
ဂျုံမှုန့် ၄၀ဝ ဂရမ်
ကြက်ဥ တစ်လုံးခွဲ
ရေအေး ၆၀ဝ မီလီလီတာ
အကြော် ကြော်ရန်အတွက် ဆီ (လိုအပ်သလောက်)
ပြုလုပ်ပုံ
၁။ ကန်စွန်းဥအချပ်ရဲ့ မျက်နှာပြင် တစ်ဖက်စီမှာ အလယ်တည့်တည့်ကနေ ဓားရာပေးပါ။ တစ်ဖက်မှာ ကန့်လန့်ဖြတ်အရာပေးရင် နောက်တစ်ဖက်မှာ ဒေါင်လိုက်အရာပေးပါ။
၂။ မျက်နှာပြင်တစ်ဖက်ကို ဂျုံမှုန့်လူးပါ။ ထို့နောက် ဂျုံမှုန့်တွေ အများကြီး မတင်နေရအောင် ခါချပါ။ ထို့နောက် ကန်စွန်းဥ အချပ်ပြားတစ်ခုလုံးကို တင်ပူရာအနှစ်ထဲမှာ နှစ်ပါ။
၃။ အိုးထဲမှာ ဆီထည့်ပြီး မီးအပူချိန်ကို ၁၈၀ ဒီဂရီအထိ မြှင့်ထားပါ။ ထို့နောက် ဂျုံမှုန့်ဖြူးထားသည့်ဘက်ကို အောက်ဘက်ထားပြီး ကြော်ပါ။ အကျက်ညီစေရန် ကန်စွန်းဥကို ဟိုဘက်သည်ဘက် လှည့်ပေးပါ။ ၈ မိနစ်မှ ၉ မိနစ်ခန့်အထိ ကြော်ပါ။ ထို့နောက် ပန်းကန်ထဲတွင် ပြင်ဆင်သည့်အခါ ကန်စွန်းဥအဝိုင်းချပ်ကို အလယ်ကနေ ထက်ခြမ်းခြမ်းပြီး ပြင်ဆင်ပါ။
ကိုးကား- NHK