ကျွန်းစု၊ မောင်တော၊ နမ့်ခမ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၆   ဧပြီ

 

တပ်မတော်တပ်ဖွဲ့ဝင်များသည်   ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာ၊ ကမ်းငယ်ရပ်ရှိ ချောင်းကူးတံတားအနီးတွင် ဆိုက်ကပ်ထားသည့် မင်းလတ်၏လှေအား ဧပြီ ၂၄ ရက် နံနက် ၅ နာရီတွင် ရှာဖွေရာ လှေပေါ်မှ ဘိန်းစာမှုန့် ၈၈ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး အလားတူ ပါးပိတ်ချောင်းထဲတွင် ရပ်ထားသည့် လူမရှိသည့်လှေတစ်စီးအား တွေ့ရှိ၍ရှာဖွေရာ လှေပေါ်မှ ဘိန်းစာမှုန့် ၁၇၀ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက တပ်မတော်မှ မောင်တောမြို့နယ်၊ ပြင်ဖြူနယ်မြေ၊ မင်္ဂလာကြီး ကျေးရွာအုပ်စု၊ မင်္ဂလာကြီးချောင်းပေါက်ဝ-ကျောက်လှေကားရွာ လမ်းဆုံတွင် အဒူရှာဟစ် မောင်းနှင်ပြီး မာမွတ်ဟူဆောင်း လိုက်ပါလာသည့် သုံးဘီးယာဉ် ကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေး ၂၈၂၇၅ ပြား၊ ငွေကျပ် ၉,၁၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ည ၇ နာရီက  မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နမ့်ခမ်းမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စိုင်းလှမြင့်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ဝ နှင့် ဘိန်းဖြူ ၁၄ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်း တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)