ကျွန်းစု ၁၂ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့ အမှတ်(၃)ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက်၌ (သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၁ ရက်) ထိ ဘုရားမဲများဖောက်ပေးခြင်းနှင့် စတုဒိသာ အကျွေးအမွေးများဖြင့် စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အမှတ်(၃)ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက်၌ ရပ်ကွက်သူ/ရပ်ကွက်သားများနှင့် စေတနာရှင်များက ဘုရားဖူးလာပြည်သူများအား ဘုရားမဲများဖောက်ပေးခြင်း၊ စတုဒိသာများဖြင့် ဧည့်ခံမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲအနေဖြင့် ချောတိုင်တက် အစီအစဉ်ပါဝင်မည်ဖြစ်သည်။ ဆွမ်းတော်ကြီးတင်ခြင်းကို အောက်တိုဘာ ၁၂ ရက် ညနေမှစတင်ကာ လှူဒါန်းနိုင်ပါကြောင်းနှင့် ပြည်လုံးချမ်းသာစေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ကျွန်းစု (ပြန်/ဆက်)


