ကျွန်းစု ၂၀ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် အန္တရာယ်ကင်းဝေးရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
"လက်ရှိမိုးရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီ ရောက်တာကြောင့် ဈေးအတွင်း မီးလန့်မှု၊ မီးလောင်ဖြစ်ပွားမှု မရှိစေရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ရတာဖြစ်တယ်" ဟု မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီးဖြင့် မီးငြိမ်းသတ်သရုပ်ပြခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုပုံနည်းစနစ်များ၊ လောင်စာဆီမီး ငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခဲ့သည်။
မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းညွှန့်၊ ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)