ကျွန်းစု ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့မဈေးမှတစ်ဆင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ဈေးအတွင်းရှိ ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ မြို့နယ်မီးသတ်စခန်းမှူး ဦးဝင်းဇော်မိုးနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးအတွင်း ကုန်စိမ်းရောင်းချသော ဒိုင်များ၊ သား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချသည့် ပျံကျဈေးသည်များ၊ ဈေးရောင်း ဈေးဝယ်များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
CTRA(ကျွန်းစု)


