ကျွန်းစု ၂၅ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များမှ စုပေါင်း၍ မတ်လ(၂၅)ရက် နံနက်(၉)နာရီက ပြည်သူ့ဆေးရုံအတွက် PPE(Personal Protective Equiments) ဝတ်စုံ အစုံ(၃၀)ကို ကျန်းမာရေးဦးစီးဌာနရုံး၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များမှ စုပေါင်း လှူဒါန်းထားသော PPE(Personal Protective Equiments) ဝတ်စုံ အစုံ(၃၀)အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးထံသို့ လွှဲပြောင်းလှူဒါန်းပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဝတ်စုံများကို ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ သံသယလူနာများနှင့် ပိုးတွေ့သောသူများကို စောင့်ကြည့် ကာကွယ်ရေးဝတ်စုံအဖြစ် ကျန်းမာရေးဝန်ထမ်းများက အသုံးပြုရသည့်ပစ္စည်းဖြစ်ပြီး ကျွန်းစုမြို့နယ် အတွင်းတွင် ကိုရိုနာဗိုင်းရပ်(စ်) COVID – 19 ရောဂါကူးစက်ခံရသူနှင့် သံသယလူနာများ မရှိကြောင်း၊ ပြည်ပနိုင်ငံမှ အလုပ်လုပ်ကိုင်ကာ ပြန်လည်ရောက်ရှိလာသူ မြို့ပေါ်မှ(၄)ဦးနှင့် ကျေးရွာမှ(၁၆)ဦး ရှိပြီး ကျန်းမာရေးဆိုင်ရာ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိသေးကြောင်း၊ နေအိမ်ရောက်ရှိသည်နေ့မှ (၁၄)ရက်အတွင်း အိမ်ပြင်ပသို့မထွက်စေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


