ကျွန်းစု ၂၂ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ သံသရာအေး မြို့ဦးစေတီ၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟက ဦးဆောင်၍ ဌာနဆိုင်ရာအသီးသီးမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများနှင့်အတူ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ဘုရားပရဝုဏ်တို့တွင် ချုံနွယ်မြက်များ ရှင်းလင်းခြင်း၊ တံမြက်စည်း လှဲခြင်းနှင့် အမှိုက်ကောက်ခြင်း၊ မီးရှို့ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို အမှိုက်ပုံသို့ အမှိုက်သယ်ယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
ပွင့်လင်းရာသီရောက်ရှိလာတာနဲ့အညီ လာရောက်ဖူးမြော်ကြည်ညိုကြမည့် ဘုရားဖူးပြည်သူများ များပြား လာစေရန်နှင့် စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်စေရန်အတွက် စေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးကို စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


