ကျွန်းစု ဇူလိုင် ၂၂

           

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်(၉)နာရီအချိန်က မြို့မဈေး၌ ရောင်းချနေသည့် ဈေးသည်များအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

           

စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပူးပေါင်း၍ မြို့မဈေး အတွင်း၊ အပြင်၌ ရောင်းချနေသည့် ‌ဈေးသည် (၅၉)ဦးအား ကိုဗစ်ရောဂါပိုးရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် ပျံကျဈေးသည်များ၊ ဈေးဆိုင်ခန်းများ၊ အသားငါးနှင့် အသီးအရွက် အရောင်းဆိုင်များ၊ ဈေးအတွင်းရှိ ‌ဆိုင်အားလုံးမှ ဈေးသည်များအား ကိုဗစ် ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)