ကျွန်းစု   နိုဝင်ဘာ   ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ်ရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များကို နိုဝင်ဘာ ၁၈ ရက်က သဲချောင်းကျေးရွာအုပ်စုနှင့် စခန်းသစ်ကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းပြုလုပ်ရာတွင် မြို့နယ်လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် ၁၀ နှစ်ပြည့် နိုင် ၃(က) ၁၈ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင် ၆(က) ၁၁၀၊ လဲလှယ် ၄၁ ဦး၊ မိတ္တူ ၇၆ ဦး စုစုပေါင်း ၂၄၅ ဦးနှင့် အိမ်ထောင်စုရွေ့ပြောင်း ၂၅ စု၊ အိမ်ထောင်စုမိတ္တူ ၅၀ နှင့် အိမ်ထောင်စုခွဲ ၅၀ တို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)