ကျွန်းစု အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို အောက်တိုဘာ ၄ ရက်နှင့် ၅ရက်က ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် ၁၀ နှစ်ပြည့် နိုင် ၃(က) ၆၀၊ အသက် ၁၈ နှစ်ပြည့် နိုင် ၆(က) ၅၀၊ လဲလှယ် ၁၆ ဦး၊ မိတ္တူ ၁၀ ဦး စုစုပေါင်း ၁၃၆ ဦးနှင့် သာမန်ရွှေ့ပြောင်း အိမ်ထောင်စု ၁၇ စု၊ ယာယီရွှေ့ပြောင်း အိမ်ထောင်စု ငါးစုတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)