ကျွန်းစုမြို့၌ ဆိုင်ကယ်ဘီးခွန်များ ဆောင်ရွက်ပေး

ကျွန်းစု   ဒီဇင်ဘာ   ၇

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံး အရှေ့၌ ၂၀၂၁ - ၂၀၂၂ခု (၆)လ ဘဏ္ဍာနှစ်အတွက် ဆိုင်ကယ်ဘီးခွန်များ  ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

 

ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊  မြို့နယ်မီးသတ်စခန်းမှူး ဦးဝင်းဇော်မိုးနှင့် တပ်ဖွဲ့ဝင်များက မြို့အတွင်း ဖြတ်သန်းသွားလာသော ဆိုင်ကယ် ၁၀၄ စီးအား တစ်စီးလျှင် ၁၅၀၀ ကျပ်ဖြင့် ဆိုင်ကယ်ဘီးခွန် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

 

ကျွန်းစုမြို့နယ်တွင် မော်တော်ဆိုင်ကယ်များ၏ ၂၀၂၁ - ၂၀၂၂ ခု (၆)လ ဘဏ္ဍာနှစ်အတွက် ဆိုင်ကယ် ဘီးခွန်များအား ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပညာပေးကာလဖြင့် ပြုလုပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ပညာပေးကာလပြီးသွားပါက ဘီးခွန်ဆောင်ထားခြင်း မရှိသည့် မော်တော်ဆိုင်ကယ် များအား စိစစ်ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

CTRA(ကျွန်းစု)