ကျွန်းစု ၇  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသ ရေးအတွက် ဧပြီ(၆)ရက်နေ့ ညနေပိုင်းတွင်  ကျွန်းစုမြို့ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်အောက်ထပ်တွင် ပြုလုပ်ထားသည့် Facility Quarantine နေရာတွင် အသုံးပြုနိုင်ရန် အလှူရှင်များက လူနာကုတင်(၁၀)လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့သည်။

 

166637

 

လွှဲပြောင်းပေးအပ်လှူဒါန်းရာတွင် စေတနာရှင်အလှူရှင်များက မြိတ်မြို့မှ အမြန်ရေယာဉ်ဖြင့် ပေးပို့လှူဒါန်း လာသည့် ပစ္စည်းများအား လက်ခံရရှိပြီး  ကျွန်းစုမြို့နယ် (ကိုဗစ်-၁၉) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် တာဝန်ရှိသူများက မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းလှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

16630

 

အဆိုပါ ကုတင်နှင့် ဆက်စပ်ပစ္စည်းများအား ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာ မင်းထံသို့ စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းထားခြင်းဖြစ်ပြီး ဦးဥက္ကာမင်းမှတစ်ဆင့် ဆက်လက် လွှဲပြောင်းပေးပို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

စည်သူရအောင်(ကျွန်းစု)

 

738