ကျွန်းစု၊ ၂၄  ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ ပူးပေါင်း၍ အောင်ကျော်ဇောသမဝါယမအသင်းမှ မွေးမြူထုတ်လုပ်သော ကကတစ်ငါး (ဒေသအခေါ် ကပ်သပေါင်းငါး)များကို ကျွန်းစုမြို့နယ်အတွင်းသို့  တစ်ပိဿာလျှင် ၅၀၀ဝ နှုန်းဖြင့်လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၏ ညှိနှိုင်းပေးမှုဖြင့် တနင်္သာရီမြို့နယ်သို့ မြို့နယ်အရောက် တစ်ပိဿာလျှင် ငွေကျပ် ၆၀၀ဝ နှုန်းဖြင့်လည်းကောင်း စားသုံးသူပြည်သူများ အဆင်ပြေပြေ ဝယ်ယူစားသုံးနိုင်ရေးအတွက် သမဝါယမကဏ္ဍမှ No Profit, No Loss မူဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

MDN