ကျွန်းစု ၁၉  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန်ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပြို ကျ မှု ကြောင့် လူနေအိမ်နှစ်လုံးပြိုကျ ပျက်စီးကာ လူနှင့်တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရသည်။

 

ကျွန်းစုမြို့နယ် ဘန်ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာ၌ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပြိုကျမှုကြောင့် ဦးထွန်းကြွယ်၊(၆၄)နှစ် ပိုင်ဆိုင်သည့် မိသားစုဝင် အမျိုးသား(၁)ဦး၊အမျိုးသမီး(၁)ဦး၊ပေါင်း(၂)ဦးတို့ နေထိုင်လျက်ရှိသော အလျားပေ (၂၀) ၊ အနံ (၁၅)ပေ၊အမြင့်(၁၁)ပေခန့်ရှိ ဓနိမိုး၊ယိုင်ကာ၊ ပျဉ်ခင်းနေအိမ် နှင့် ဦးကျန်ရစ်၊(၅၆) နှစ် ပိုင်ဆိုင်သည့် မိသားစုဝင် အမျိုးသား(၁)ဦး၊အ မျိုးသမီး (၁)ဦး၊ ပေါင်း (၂)ဦးတို့ နေထိုင်လျက်ရှိသော အလျား ပေ  (၂၀) ၊ အနံ(၁၅)ပေ၊ အမြင့်(၁၁)ပေရှိ ဓနိမိုး၊ ယိုင်ကာ၊ပျဉ်ခင်း နေအိမ်(၂)လုံးတို့မှာ လုံးဝပြိုကျပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တောင်မြေပြို၍ နေအိမ်ပျက်စီး ဆုံးရှုံးခဲ့မှုကြောင့် လူနှင့်တိရ စ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပျက်စီးနေအိမ်များရှိ မိသားစုဝင်များမှာ ကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် နေအိမ်အပျက်အစီးများအား ရွာသူ/ရွာသားများမှ ဝိုင်းဝန်းဖယ်ရှား ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

 


မြင့်ဦး(မြိတ်)