ကျွန်းစု မေ ၁၀

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို မေ ၉ ရက်က ကျွန်းစုမြို့နယ် ဦးစီးမှူးရုံး၌ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် ၁၁၅ ခုနှင့် UID ကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ထက်မြင့်(ကျွန်းစု)