ကျွန်းစု ၁၇ ဧပြီ
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကာလ မဟာသင်္ကနြ်ရုံး ပိတ်ရက်ရှည် ကာလအတွင်း ထောက်ပံ့ကူညီမှု(၅)မျိုးကို တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၄၂၁၃)စုအတွက် ထောက်ပံ့ ကူညီပေးနိုင်ရန် ကျွန်းစုမြို့နယ် ထုပ်ပိုး၊ ပို့ဆောင်၊ ဖြန့်ဖြူး ရေး အဖွဲ့က ဧပြီလ(၁၆)ရက် နံနက်ပိုင်းတွင် မြိတ်မြို့၌ ရရှိသော ထောက်ပံ့ကူညီမှု(၅)မျိုးမှ ပဲနှင့်ကြက်သွန်နီများကို ကျေးရွာများသို့ စနစ်တကျ ထုပ်ပိုး၊ သယ်ယူ၊ ပို့ဆောင်ဖြန့်ဖြူးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု(၂၄)စုရှိပြီး အိမ်ထောင်စု(၃၅၆၉၂)စုရှိ၍ အခြေခံလူတန်းစား အိမ်ထောင်စု (၂၄၂၁၂)စုရှိပြီး လူဦးရေ စုစုပေါင်း(၁၁၇၉၅၅)ဦးရှိရာ ၎င်းတို့အတွက် ပြီးခဲ့သည့်အပတ်က ဆန်၊ ဆီ၊ ဆား တို့ကို ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်၍ ယနေ့တွင် မြိတ်ခရိုင်မှ တစ်ဆင့် ထုပ်ပိုး၊ ပို့ဆောင်၊ ဖြန့်ဖြူး ရေး အဖွဲ့က ပဲနှင့်ကြက်သွန်နီများကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပို့ဆောင် ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည် ၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀) ကျပ်သား ၊ ပဲ(၁)ပိဿာ ၊ ကြက်သွန်(၁)ပိဿာ ထောက်ပံ့ ကူညီမှု(၅)မျိုးကို ဖြန့်ဖြူးထောက်ပံ့ပေးနိုင်ရန် မြို့နယ်အတွင်းရှိ ကျေးရွာများအား ထုတ်ပိုး၊ သယ်ယူ၊ ပို့ဆောင် ဖြန့်ဖြူးရေးအဖွဲ့က စနစ်တကျ ခွဲဝေပေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူများထံသို့ ဖြန့်ဖြူးထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)
