ကျွန်းစု  ဇူလိုင်     ၁၃ 

တနင်္သာတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးသင်းမင်းလတ်နှင့် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ မောင်းလှော်ကျေးရွာ အုပ်စု၊ မောင်းလှော်အောက်ကျေးရွာနှင့် ညောင်ဘီး ကျေးရွာအုပ်စု၊ အညှင်းကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင် ၁၂ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် တနင်္သာတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးသင်းမင်းလတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ဟိန်းလျှံထွန်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကျွန်းစုမြို့နယ်၊ မောင်းလှော်အောက်ကျေးရွာတွင်ခွင့်ပြုငွေ ကျပ်သန်း(၁၀ ဒသမ ၉)ဖြင့် အ ရှည်ပေ(၂၀၀၀) ကျေးရွာတွင်းသို့ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းနှင့် အညှင်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ် သန်း (၁၆ ဒသမ ၇)ဖြင့် အရှည် (၁/၀)မိုင်ကျေးရွာတွင်း စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ 


အဆိုပါကျေးလက်ရေရရှိရေး လုပ်ငန်းများပြီး စီးသွားပါကမောင်းလှော်ကျေးရွာအုပ်စု၊ မောင်းလှော် အောက် ကျေးရွာရှိ အိမ်ခြေ (၁၆၉) လူဦးရေ (၁၁၅၀)နှင့် ညောင်ဘီးကျေးရွာအုပ်စု အညှင်းကျေးရွာရှိ အိမ်ခြေ (၃၄၀) လူဦးရေ (၂၁၇၀)တို့အား သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)