ကျွန်းစု စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ စက်တင်ဘာ ၄ ရက်က ပန်းခင်းစီမံချက်ဖြင့် ကပကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ အသက်(၁၀) နှစ်ပြည့် နိုင်၃(က) (၁၂) ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၁၀) ဦး၊ လဲလှယ် (၁၅ ) ဦး၊ မိတ္တူ (၅) ဦး စုစုပေါင်း (၄၂)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၈)ခုအား ဆောင်ရွက်ပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ကပကျေးရွာအုပ်စုတွင် (၄-၉-၂၀၂၁)မှ (၂၂-၉-၂၀၂၁)ထိ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် (လဝက)ရုံးမှ သိရသည်။
အေးသန္တာဖြိုး(ကျွန်းစု)


