ကျွန်းစု ဩဂုတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် အခြားသော ဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် ဩဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့ပေါ်ရပ်ကွက်များ၌ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျွန်းစုမြို့၊ သီရိမင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသိဌ ဦးဆောင်သော သံဃာတော် ()ပါးတို့မှ အမှတ်()ရပ်ကွက်၊ အမှတ်()ရပ်ကွက်၊ အမှတ်()ရပ်ကွက်နှင့် အမှတ်()ရပ်ကွက်တို့၌ မော်တော်ယာဉ် ()စီးဖြင့် လှည့်လည်၍ ရတနာ့သုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော်များအား ရွတ်ဖတ်တော်မူခဲ့ပြီး မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ဆရာတော် ဘဒ္ဒန္တဝိသိဌထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

 

ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းကို မြို့ပေါ်ရပ်ကွက်များ၌ ဩဂုတ် ၁၅ ရက်မှ ၁၇ ရက်အထိ ရွတ်ဖတ်တော်မူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့မိမြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)