ကျွန်းစု ဒီဇင်ဘာ ၁၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ဒီဇင်ဘာ  ၁၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ကြားခြင်းတို့အား ကျင်းပပြုလုပ်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ရဲမှူးက မြို့လုံခြုံရေးဆိုင်ရာများ ဆွေးနွေးခဲ့ပြီး မြို့နယ် အား/ကာ ဦးစီးမှူးက အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများနှင့် စသည့် ပျော်ပွဲရွှင်ပွဲများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

မြို့နယ် (ပြန်/ဆက်)