ကျွန်းစု ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူးက လွတ်လပ်‌ရေးရရှိသည့် ခုနှစ်၊ လွတ်လပ်ရေး ရရှိရေးအတွက် အာဇာနည်ခေါင်းဆောင်ကြီးများ၏  ဆောင်ရွက်ကြိုးပမ်း‌ခဲ့မှုများ၊ လွတ်လပ်ရေး၏ အနှစ်သာရ၊ စသည် တို့ကို ပညာပေးဟောပြောခဲ့ပြီး စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲတို့ကို ဆက်လက် ကျင်းပခဲ့ကာ ကလေးငယ်များအား မြို့နယ် ပြန်/ဆက်ဦးစီးမှူးက မေတ္တာ‌လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - CTRA(Kyunsu)