ကျွန်းစု ၇ မေ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ ကို "မိမိကစ၍ ကာကွယ်ပါ" အဓိက သတင်းစကား (၁၀)ချက်ပါဝင်သော လက်ကမ်းစာစောင်များကို မေလ(၇)ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ/ဝယ်သူများအား အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

 

လက်ကမ်းစာစောင်တွင် လက်ကို ရေနှင့်ဆပ်ပြာ အသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် စနစ်တကျ မကြာခဏ ဆေးကြောရန်၊ အိမ်တွင်နေရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ ပြောဆိုကြရန်၊ Mask တပ်ဆင် အသုံးပြုရန်၊ စသည်အချက်များပါဝင်သော  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အဓိက သတင်းစကား(၁၀)ချက် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးရောင်းသူ/ဝယ်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)