ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ mask တပ်ဆင်အသုံးပြုရေး အသိပညာပေးဆောင်ရွက်

ကျွန်းစု မေ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ mask တပ်ဆင်အသုံးပြုရေးကို မေ ရက် နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ အမှတ်()ရပ်ကွက်၊ မြို့မဈေးရှေ့၊ ဆိပ်ကမ်းနှင့် အမှတ်()ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ကရုဏာနာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများနှင့် မြိတ်မြို့မှ ကျွန်းစုမြို့သို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိလာသူများအား Mask တပ်ဆင်အသုံးပြုရန်၊ တပ်ဆင်အသုံးပြုမှု မရှိပါက ရောဂါကူးစက်ခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ယနေ့တွင် Mask တပ်ဆင်အသုံးပြုမှု မရှိသော လမ်းသွားလမ်းလာသူများထံသို့ Mask (၄၀၀)ခုကို  ပညာပေးအစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မေ ရက်၌ mask မတပ်ဆင်ဘဲ သွားလာသူများကို လာလမ်းအတိုင်း နောက်ပြန်လှည့် သတိပေးအစီအစဉ်နှင့် မေ ၁၀ ရက်၌ ဒဏ်ငွေတပ်ရိုက်ခြင်းကို သတ်မှတ်နေရာများတွင် ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟထံမှ သိရသည်။

 

သတင်းပေးပို့သူ - စည်သူရအောင်(ကျွန်းစု)