ကျွန်းစု အောက်တိုဘာ ‌၁

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူများအား စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ငွေကျပ် ၃၀၀၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ရာတွင် ဩဂုတ် ၁ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သူများအနက် ထိခိုက်လွယ်အုပ်စုဖြစ်သော အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အသက် (၅) နှစ်အောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း ၆၄ ဦးရှိရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျယ် ၃၀၀၀၀ စီဖြင့် ကံမော်ကျေးရွာမှ (၁၆) ဦး၊ မအိုင်ကျေးရွာမှ (၃) ဦး၊ သန္တုတ်ကျေးရွာမှ (၂) ဦး၊ သဇင်ကျေးရွာမှ (၂) ဦး၊ မင်းခေါင်းဆေးကျေးရွာမှ (၁) ဦး၊ ဘန္ဒနဲကျေးရွာမှ (၁) ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူ စုစုပေါင်း (၂၅) ဦးအား ပထမသုတ်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော သူများအား ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)