ကျွန်းစု ၁၁ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ သဇင်ကျေးရွာ၌ မတ်(၉)ရက် နံနက်ပိုင်းက နေအိမ်(၂)လုံး မီးလောင်ခဲ့မှုကြောင့် မီးဘေးသင့်ခဲ့ရသော အိမ်ထောင်စုအား ယမန်နေ့ ညနေပိုင်းတွင် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မီးဘေးသင့် အိမ်ထောင်စုအတွက် မြိတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃)သိန်းကျပ်၊ မီးဘေးသင့် မိသားစု(၁၂)ဦးအတွက် ဆန်ဖိုး(၂၅၂၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်း(၁၁)မျိုး၊ မိသားစုသုံးပစ္စည်း(၁၃)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးသုံးပစ္စည်း(၁)စုံ တို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)