ကျွန်းစု နိုဝင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးပြီး ပြန်စိုက်သော မိုးစပါး(၄၅)ဧကအတွက် ဓါတ်မြေဩဇာ(ယူရီးယား) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အင်ကြင်းခိုင် က ဓာတ်မြေဩဇာ ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာ(ယူရီးယား)များကို ပေးအပ်ခဲ့ရာ သန္တုတ်ကျေးရွာအုပ်စု၊ ဦးထွန်းဝေက လက်ခံရယူခဲ့ပြီး တောင်သူအားလုံး၏ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


