ကျွန်းစု စက်တင်ဘာ ၂၀

           

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စက်တင်ဘာလ(၁၈)ရက်မှ (၁၉)ရက်အထိ ကပကျေးရွာအုပ်စု၊ ပရည်ကျွန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

           

ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၄)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) (၃၂)ဦး၊ လဲလှယ်(၁၀)ဦး၊ မိတ္တူ(၁၂)ဦး၊ စုစုပေါင်း(၅၈)ဦးအား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)