ကျွန်းစု နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ သဲချောင်းကျေးရွာအုပ်စု၌လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ရေကန်တောင်ကျေးရွာအုပ်စု၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၂၉၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) (၂၂၁)ဦး၊ လဲလှယ်(၃၇)ဦး၊ မိတ္တူ(၁၄၅)ဦး၊ စုစုပေါင်း(၆၉၅)ဦးနှင့် အိမ်ထောင်စုရွှေ့ပြောင်း(၉၃)စုတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


