ကျွန်းစုမြို့တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကျွန်းစု မတ် ၁၈

           

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  အသက်(၁၈)နှစ် ပြည့်ပြီး ကာကွယ်ဆေး မထိုးနှံ‌ရသေးသူများအား မတ် ၁၈ ရက် နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၊ ကဘင်းချောင်းကျေးရွာ၊ ကတ္တလူကျေးရွာနှင့် ကံ‌မော်ကျေးရွာတို့၌  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကျွန်းစုမြို့နယ်တွင် လူဦးရေ(၁၂၆၀၀) အတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (COVAXIN) ရရှိခဲ့ရာ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများအား မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက  ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ သတ်မှတ်နေရာများ၌  ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)