ကျွန်းစု ၁၇ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာတွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်းအား အသစ်ပြန်ခင်းရေးအတွက် မြိတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ငွေကျပ်(၃၃.၆)သန်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စခန်းသစ်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလက မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီရေလှိုင်း ရိုက်ခတ်မှုများကြောင့် ကမ်းနားကွန်ကရစ်လမ်း ပျက်စီးခဲ့ရာ မြိတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က ရေကာတာတန်း ဆောက်လုပ်ခြင်းနှင့် ကွန်ကရစ်လမ်း အသစ်ပြန်ခင်းရန်အတွက် ငွေကျပ်(၃၃.၆)သန်းအား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် ကျေးရွာတာဝန်ခံများသို့ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


