ကျွန်းစု  ၂၀   ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာသော အသိပညာဗဟုသုတများကို စာဖတ်သူ အချင်းချင်း အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ (Book Club) စာ‌အုပ်စာ‌စောင်ချစ်မြတ်နိုးသူများ အသင်း စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျွန်းစုမြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

 

2

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာ မတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ စာအုပ်အား စာဖတ်ဝိုင်းကို စတင်ပြုလုပ်ခဲ့သည်။

 

5

 

တက်ရောက်လာသော (Book Club) စာ‌အုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်းက “အလုပ်ဆိုတာ အင်အားပါ စာအုပ်မှ အလုပ်လုပ်တဲ့နေရာမှာ တော်ရုံ တတ်ရုံနဲ့ မလုံလောက်ပါဘူး၊ အလုပ်အောင်မြင် ချင်ရင် ဆွဲအားရော တွန်းအားပါ သုံးသင့်ပါတယ်၊ အလုပ်လုပ်တဲ့နေရာမှာ  ခြင်္သေ့စိတ်ထားပါ၊ အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင် ဇွဲသတ္တိကို အထူးမွေးမြူပါ၊စသည့် ခေါင်းစဉ်များဖြင့် ကဏ္ဍတစ်ခုချင်းစီ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ပြန်/ဆက်ဝန်ထမ်းများ ခင်းကျင်းပြသထားသော မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များ ပါဝင်သည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို  စိတ်ဝင်တစား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

 

6

 

စည်သူရအောင်(ကျွန်းစု)