ကျွန်းစု ၂၀  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အရှေ့တိုင်းပုလဲကုမ္ပဏလီမိတက်(Orient Pearl Co.,Ltd.)နှင့် Less Walk  Organization တို့မှပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသွား၊ ကျောင်းပြန် အခက်အခဲရှိသည့် အထက်တန်းကျောင်းသား ကျောင်းသူများအတွက် စက်ဘီး(၆၂)စီး ပေးအပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက  ကျွန်းစုမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၊  ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

ရှေးဦးစွာ Less Walk  Organization မှ ဦးကြည်မင်းညိုက စက်ဘီးများလာရောက်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်(Orient Pearl Co., Ltd.)နှင့် Less Walk  Organization တို့ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၅၉)ကျောင်းတို့မှ ကျောင်းသွား ကျောင်းပြန် အခက်အခဲရှိသည့် ကျောင်းသား/သူများအတွက် စက်ဘီးစီးရေ ၁၀ဝ၀ အား ပေးအပ်လှူဒါန်းခဲ့ပြီး ကျွန်းစုမြို့နယ်ရှိ ကျောင်းများအတွက် စက်ဘီးစီးရေ ၆၂ စီးအား လာရောက်ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် ကျောင်းသား/သူများထံသို့  စက်ဘီးများအား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ အခမ်းအနားသို့ ကျွန်းစုမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)