ကျွန်းစု ၂၁ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန် က ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟက သင်တန်းကရရှိသည့် နည်းပညာများကို မိမိရပ်ကွက်/ ကျေးရွာထဲမှာ ထပ်ဆင့် ဆင့်ပွားသင်တန်းများ ပို့ချပေးသင့်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများအတွင်း ပြန်လည်ဆောင်ရွက်သင့်ကြောင်း၊ သင်တန်းမှ ရရှိသည့် ဗဟုသုတများက မြို့နယ်အတွင်း သဘာဝဘေးဖြစ်ပေါ်လာရင် အတတ်နိုင်ဆုံး၊ ထိခိုက်မှုအနည်းဆုံး၊ စီမံဆောင်ရွက်နိုင်ဖြစ်ကြောင်း တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ သင်တန်းသားတစ်ဦးမှ သင်တန်းဖွင့်လှစ်ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
သင်တန်းကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ(၂၀)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းတွင် မိုး/ဇလ၊ ကျန်းမာရေး၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့က ဘေးအန္တရာယ်အမျိုးအစားများ၊ ဘေးအန္တရာယ်ဖြစ်ပွားခဲ့ပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သက်ရောက်မှုများ၊ သဘာဝဘေးမဖြစ်ပွားခင် ကြိုတင်သတိပေးကာကွယ်မှုစနစ်များ၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့် ခွဲမှုဆိုင်ရာများ၊ အရေးပေါ်ကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စသည်တို့ကို စာတွေ့လက်တွေံ သင်ကြားပို့ချခဲ့ပြီး မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း သင်တန်းသား ၃၀ တို့က တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


