၁၀ မေ

 


ဝါရှင်တန်မြို့တော်တွင် ဝန်ကြီးအဆင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က သဘောတူညီခဲ့သည်။

 

ယမန်နေ့က စတင်ခဲ့သည့် စေ့စပ်ညှိနှိုင်းမှုများအတွင်း အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံ တန်ကြေးရှိသည့်  တရုတ်သွင်းကုန်များအပေါ် အခွန်နှစ်ဆကျော် တိုးမြှင့်ကောက်ခံရန် သတ်မှတ်ခဲ့သည်။

 


အစည်းအဝေးသို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သင်ဇာနှင့် တရုတ်ဒုတိယ ဝန်ကြီးချုပ် လျှူဟဲတို့က တက်ရောက်ခဲ့ကြသည်။

 

 

နတန္

 


ယနေ့ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဟု အိမ်ဖြူတော်က ပြောကြားပြီး စေ့စပ်ညှိနှိုင်းရေးမှူးများက သဘောတူညီမှုတစ်ရပ် ရရှိခဲ့ခြင်းရှိ မရှိပြောကြားရန် ငြင်းဆန်ခဲ့သည်။

 


အမေရိကန်နိုင်ငံက တရုတ်သွင်းကုန်များအပေါ် ၁၀ရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် ကြေညာခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်မှာ မကြာမီ သက်ဝင်လာမည်ဟု မျှော်လင့်ရသည်။ 

 


သမ္မတ ဒေါ်နယ်ထရန့်က နောက်ထပ် အခွန်ကောက်ခံမှုများကြောင့် တရုတ်နိုင်ငံကို ပြစ်တင်ခဲ့ပြီး အစောပိုင်း စေ့စပ်ညှိနှိုင်းမှုများတွင် သဘောတူညီခဲ့သည့် ကတိကဝတ်ပြုများကို ရုတ်သိမ်းခဲ့ကြောင်း ပြောကြားသည်။ 

 


အမေရိကန်နိုင်ငံက အခွန်တိုးမြှင့်ခြင်းကို ရှေ့ဆက်သွားလျင် တရုတ်နိုင်ငံဘက်ကလည်း လက်တုံ့ပြန် အခွန်ကောက်ခံမှုများပြုလုပ်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။

 

အခွန်အငြင်းပွားမှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုတစ်ရပ် ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။

 


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်