ကနေဒါ ခရီးသည်တင်လေယာဉ် ဟာဝိုင်အီ၌ အရေးပေါ်ဆင်းသက်ရ

၁၂ ဇူလိုင်

 

ကနေဒါနိုင်ငံမှ သြစတြေးလျနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသည့် အဲကနေဒါလေယာဉ်တစ်စင်းသည် ခရီးစဉ်အတွင်း ပြင်းထန်သော ရာသီဥတုဆိုးရွားမှုကြောင့် ကြာသပတေးနေ့ နံနက်ပိုင်းက ဟာဝိုင်အီမှ Oahuကျွန်းသို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။ 

 

လူပေါင်း ၃၅ဦးမှာ အနည်းငယ်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းက ပြောကြားခဲ့သည်။ 

 

အဆိုပါ ဘိုအင်း ၇၇၇-၂၀ဝ သည် ဗန်ကူးဗားမှ ဆစ်ဒနီသို့ ခရီးသည် ၂၆၉ ဦး တင်ဆောင်ပျံသန်းခဲ့ပြီး လေယာဉ်အမှုထမ်း ၁၅ ဦး အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည်ဟု ဆိုသည်။

 

လေယာဉ်ပျံသန်းချိန် နှစ်နာရီကြာပြီးနောက် ဟာဝိုင်အီကျွန်းကို ဖြတ်သန်းပြီး ရုတ်တရက် ရာသီဥတု ဆိုးရွားလာခြင်းဖြစ်သည်ဟု ဆိုသည်။ 

 

အဆိုပါ လေယာဉ်၏ လေယာဉ်မှူးသည် ဟာဝိုင်အီမှ Daniel K သို့ လေယာဉ်ဆင်းသက်ရန် ဆုံးဖြတ်လိုက်သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် Oahu ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်