၁၆ ဒီဇင်ဘာ
ကနေဒါ ဝန်ကြီးချုပ် က Moderna ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ဒီဇင်ဘာလ မကုန်ခင်မှာ နိုင်ငံကို ရောက်ရှိလာမယ်လို့ မနေ့ (အင်္ဂါ) က ပြောကြားလိုက်ပါတယ်။
Pfizer-BioNTechထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးတွေဟာ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ကနေဒါနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပေယ့် ကနေဒါ ဆေးဝါးစည်းမျဉ်းစည်းကမ်း အဖွဲ့ကနေ ခွင့်ပြုခြင်းမရှိသေးတာကို တွေ့ရပါတယ်။
ဝန်ကြီးချုပ်က Moderna ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁၆၈,၀၀၀ ကို ဒီဇင်ဘာလ မကုန်ခင်မှာ ရရှိမှာဖြစ်ကြောင်း အဲဒီဆေးပမာဏဟာ ကနေဒါနိုင်ငံကနေ မှာယူထားတဲ့ ဆေးအလုံးရေ သန်း ၄၀ ထဲမှ ဖြစ်ကြောင်း၊ ကနေဒါ ဆေးဝါးစည်းမျဉ်းစည်းကမ်း အဖွဲ့ကနေ ခွင့်ပြုချက်ရရှိတာနဲ့တစ်ပြိုင်နက် ၄၈ နာရီအတွင်း သက်ဆိုင်ရာ နေရာတွေကို စတင်ဖြန့်ချိနိုင်မှာဖြစ်ကြောင်း ပြောကြားပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး Pfizer ထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား ကွေးဘတ်နဲ့ အွန်တာအိုရှိ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်သူတွေနဲ့ ဝန်ထမ်းတွေကို စတင်ထိုးနှံပေးနေပြီလို့ သိရပါတယ်။
ကနေဒါတစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ့်နေရာ လက်ရှိအချိန်မှာ ၁၄ နေရာ ရှိပေမယ့် နေရာ ၇၀ အထိ တိုးမြှင့် ဆောင်ရွက်ပေးသွားမယ်လို့ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားပါတယ်။
Pfizer ထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး အလုံးရေ ၂၀၀,၀၀၀ ဟာ လာမယ့် သီတင်းပတ်မှာ ရရှိမှာ ဖြစ်ကြောင်းနဲ့ ဇန်နဝါရီ ၁ ရက်နေ့ မတိုင်မီ ဆေးအလုံးပေါင်း ၄၁၇,၀၀၀ လုံး ကို ထိုးနှံပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ကနေဒါနိုင်ငံမှာ လူဦးရေ ၃၈ သန်းရှိပေမယ့် ကာကွယ်ဆေးထုတ်လုပ်တဲ့ ဆေးကုမ္ပဏီ ၇ ခု ကနေ ဆေးအလုံးပေါင်း သန်း ၄၀၀ မှာရှိထားပြီးကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ် ပထမသုံးလမှာ ကနေဒါ လူဦးရေရဲ့ ၃ သန်းကို ကာကွယ်ဆေးထိုးနှံပေးဖို့ ပြင်ဆင်ထားပါတယ်။
ကနေဒါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူ ၄၇၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၃,၆၀၀ ကျော်ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP