၄ မတ်

 

တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူက ကနေဒါအစိုးရ၊ ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင်များကို တရားစွဲဆိုလျက်ရှိသည်။

 


ဟွာဝေးကုမ္ပဏီတည်ထောင်သူ၏ သမီးဖြစ်သူ မန်ဝန်ကျို့ကို အမေရိကန်အာဏာပိုင်များ၏ တောင်းဆိုမှု ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဗန်ကူးဗားရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။

 


အမေရိကန်တရားရေးဌာနက မန်အား  ဘဏ်လိမ်လည်မှုအပါအဝင် စွဲချက်ပေါင်းများစွာဖြင့် တရားစွဲဆိုခဲ့သည်။

 

လုပ်ရိုးလုပ်စဉ် စစ်ဆေးမှုတစ်ခုဟန်ဆောင်ကာ မဖမ်းဆီးမီ ၃ နာရီကြာအောင် ဥပဒေနှင့်မညီဘဲ မေးမြန်းစစ် ဆေးခံခဲ့ရကြောင်း မန်ကဆိုသည်။ 

 

အာဏာပိုင်များက သူမ၏ စမတ်ဖုန်း၊ ကွန်ပျူတာများကို သိမ်းဆည်းခဲ့ပြီး တရားဥပဒေနှင့်မညီသော လျှို့ဝှက်နံပတ်များကို မေးမြန်းခဲ့သည်ဟု ၄င်းက ပြောကြားခဲ့သည်။

 

ပြစ်မှုကျူးလွန်ခဲ့ရာ တိုင်းပြည်သို့ မန်ကို လွှဲပြောင်းပေးရန် အမေရိကန် တရားရေးဌာနက ကြိုးပမ်းလျက်ရှိသည်။  မန်၏ အမှုအား ကနေဒါနိုင်ငံတွင် ကြားနာပြီးနောက် ပြစ်မှုကျူးလွန်ခဲ့ရာ တိုင်းပြည်သို့ ပြန်လည်လွှဲပြောင်းပေး မည်ဟု ကနေဒါနိုင်ငံ တရားရေးဌာနက ပြောကြားခဲ့သည်။

 

တရားစွဲဆိုမှုအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပေးရန် ဗုဒ္ဓဟူးနေ့တွင် ဗန်ကူးဗားမြို့ရှိ တရားရုံးတစ်ရုံးသို့ မန်က လာရောက်အစစ်ဆေးခံမည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်

 

ေေ