၁၈ မေ
ကနေဒါနိုင်ငံအနောက်ပိုင်းတွင် တော်ဝင်လေတပ်မှ ဂျက်လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ် အမှုထမ်းတစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ တွန်းလှန်တိုက်ဖျက်ပေးသူများ စိတ်ဓာတ်မြှင့်တင်ပေးရန် အနိမ့်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကနေဒါမီဒီယာများက ဖော်ပြခဲ့ကြသည်။
အဆိုပါ ဂျက်လေယာဉ်သည် ဗြိတိသျှ ကိုလံဘီယာပြည်နယ် ကမ်းလော့စ်မြို့တော်၌ ဒေသစံတော်ချိန် မွန်းတည့်ချိန်တွင် ပျက်ကျသွားခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျသည့်နေရာမှ အိမ်တစ်အိမ်မှာ မီးများတောက်လောက်နေသည်ကို ဓာတ်ပုံများက ပြသနေသည်။
အဆိုပါ လေယာဉ်သည် ကနေဒါလေတပ်ပိုင် လေယာဉ်တစ်စင်းဖြစ်ကြောင်း ကနေဒါမီဒီယာများက ဖော်ပြသည်။
ကနေဒါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ၇၈၀ဝ၀ရှိပြီး၊ သေဆုံးသူ ၅၉၀ဝရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်