၁၁ မေ
ကနေဒါနိုင်ငံ ကွေးဘက်ပြည်နယ်တွင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနှုန်း ပိုများကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ စစ်တမ်းအရ သိရပါတယ်။
တခြားနိုင်ငံတွေမှာ အမျိုးသားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ များပြားပေမယ့် ကွေးဘက် ပြည်နယ်မှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ စုစုပေါင်းရဲ့ ၅၉ ဒသမ ၇ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အလားတူ သေဆုံးသူတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာလည်း အမျိုးသမီးတွေဖြစ်ကြောင်း ရုံးပိတ်ရက်အတွင်းမှာ ထုတ်ပြန်တဲ့ ပြည်နယ် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကွေးဘက်ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၆,၉၈၆ ဦးရှိပြီး သေဆုံးသူ ၂,၇၈၆ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ဘာကြောင့် အမျိုးသမီးတွေ များပြားတယ်ဆိုတာ မပြောထားပေမယ့် သူနာပြုနဲ့ လူအိုရုံတွေရဲ့ စောင့်ရှောက်ရေး လုပ်သားတွေဟာ အမျိုးသမီးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
ရောဂါကူးစက်ခံရသူတွေအနက် အသက် ၃၀ မှ ၄၉ နှစ်အရွယ်တွေဟာ ၂၈ ရာခိုင်နှုန်း ဗိုင်းရပ်စ်ပိုးကူးစက် ခံနေရတာကို တွေ့ရပါတယ်။
အသက် ၈၀ မှ ၈၉ ကြား အရွယ်တွေမှာ ၄၀ ရာခိုင်နှုန်း သေဆုံးပြီး အသက် ၉၀ နဲ့ အထက် လူကြီးတွေမှာတော့ ၃၃ ဒသမ ၄ ရာခိုင်းနှုန်း သေဆုံးကြောင်း သိရပါတယ်။
ကွေးဘက်ပြည်နယ်မှာ လူဉီးရေ တစ်သန်းမှာ ၃၂၆ ဦးသေဆုံးကြောင်း စပိန်နိုင်ငံမှာတော့ လူ တစ်သန်းမှာ ၅၆၆ ဉီး၊ အီတလီမှာ တစ်သန်းကို ၅၀၀ ဦး၊ ဗြိတိန်နိုင်ငံမှာ တစ်သန်းကို ၄၆၅ ဦး၊ ကနေဒါနိုင်ငံမှာ တစ်သန်းကို ၁၂၄ ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။
MDN
ကိုးကား -AFP