၂၄ ဒီဇင်ဘာ

 

 

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုး က ဗြိတိန်နိုင်ငံကနေ ပျံသန်းလာမယ့် ခရီးသည်တင် လေကြောင်းပြေးဆွဲမှု ဇန်နဝါရီ ၆ ရက်နေ့အထိ ယာယီရပ်ဆိုင်းထားမှု တိုးမြှင့်ကြောင်း  ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

 

 

ဗြိတိန်အစိုးရက နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ် တွေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့အား ဒီဇင်ဘာ ၁၉ ရက်နေ့ (တနင်္ဂနွေနေ့) မှာ တရားဝင် အကြောင်းကြားပါတယ်။

 

 

ဗြိတိန်က ကြေညာထုတ်ပြန်တဲ့နေ့မှာပဲ သန်းခေါင်းယံကနေ ၇၂ နာရီအတွင်း ဗြိတိန်နိုင်ငံကနေ လေကြောင်း ခရီးစဉ်တွေ ပိတ်ပင်ကြောင်း ကနေဒါဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။

 

 

ကနေဒါနိုင်ငံတွင် ဗြိတိန်နိုင်ငံမှာတွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ်အား အခုချိန်ထိ မတွေ့ရှိသေးကြောင်း သိရပါတယ်။

 

 

ကနေဒါအစိုးရက Moderna က ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့ကသုံးစွဲခွင့် ခွင့်ပြုခဲ့ပါတယ်။ Pfizer/BioNTech ထုတ် ကာကွယ်ဆေးကို  ပြည်သူတွေအား ထိုးနှံပေးနေတာ သီတင်းနှစ်ပတ်ကြာပြီးနောက် Moderna ထုတ် ကာကွယ်ဆေးကို သုံးစွဲခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

 

 

ပိတ်ရက်တွေ နီးကပ်လာချိန်မှာ ဗိုင်းရပ်စ်တွေ့ပိုးတွေ့သူတွေ များလာတာကို တွေ့ရပါတယ်။ နိုင်ငံမှာ ပိုးတွေ့သူ အရေအတွက် စုစုပေါင်း ၅၂၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၄,၅၀၀ နီးပါးရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn