အော့တဝါ   ၂၁   ဒီဇင်ဘာ

ကနေဒါနိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၅၀၀၂၄၂ အထိ ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၁၄၁၂၈ ဦးအထိ ရှိလာခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဝေမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း စီတီဗွီသတင်းက ဖော်ပြသည်။

ကနေဒါနိုင်ငံတစ်ဝန်း ၁၅ ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၀၀၀၀၀ အထိ ရှိခဲ့ရာ ယင်းပမာဏသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် မတ်လမှစတင်ကာ အချိန်တိုအတွင်း ရောဂါကူးစက်မှု အမြင့်ဆုံး ပမာဏဖြစ်ခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်အစောပိုင်းက လူဦးရေ အထူထပ် ဆုံးဖြစ်သည့် အွန်တာရီယိုနှင့် ကွီဘက်ပြည်နယ်များတွင် ကိုဗစ် -၁၉ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်ခဲ့ကာ နေ့စဉ် ကူးစက်ဖြစ်ပွားသူ ၂၀၀၀ ကျော်အထိ ရှိခဲ့သည်။

အွန်တာရီယိုပြည်နယ်၌ ကိုဗစ်- ၁၉ ထပ်မံကူးစက်ခံ ရသူ အရေအတွက် ၂၀၀၀ ကျော်လွန်ခဲ့သည်မှာ ငါးရက်ဆက် တိုက်ရှိပြီဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်က ၂၃၅၇ ဦးအထိ ရှိခဲ့သည်။

အွန်တာရီယိုရှိ ဒေသငါးခုတို့ကို ဒီဇင်ဘာ ၂၁ ရက်တွင် အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှုချမှတ်ရန် ပြည်နယ်အစိုးရ က စီစဉ်လျက်ရှိသည်။

ကွီဘက်ပြည်နယ်၌ ရောဂါထပ်မံကူးစက်ခံရသူ ၂၀၃၈ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးသူ ၄၄ ဦးထပ်တိုးခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသနေရသူ ၇၅၆၉၅ ဦးရှိပြီး အသက်အရွယ် အုပ်စုအားလုံးတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ဆင်ဟွာ