ဇန်နဝါရီ ၁၈

 

ကနေဒါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၅၈၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၂၈၀၁၄၄၆ ဦးအထိ ရှိလာသည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၀၉၄၆ ဦး ရှိသည်။

 

နိုင်ငံအတွင်း လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သည့် အွန်တာအိုတွင် ကိုဗစ်ထပ်မံကူးစက်ခံရသူ ၈၅၂၁ ဦးနှင့် သေဆုံးသူ ၂၂ ဦးရှိပြီး ဒုတိယလူဦးရေအများဆုံးပြည်နယ်တွင် ထပ်မံကူးစက်ဖြစ်ပွားသူ ၅၄၀၀ ရှိပြီး သေဆုံးသူ ၅၄ ဦးရှိသည်။

 

နိုင်ငံတစ်ဝန်းတွင်  အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများကြောင့် ကလေးများနှင့် ဆယ်ကျော်သက် များ ဆေးရုံတက် ကုသမှုခံယူနေသူဦးရေ မြင့်မားလာသည်။

 

ငယ်ရွယ်သူများတွင် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားကာ ဆေးရုံများတွင် ကုသမှုခံယူသူဦးရေ မြင့်တက်ခဲ့သည်။

 

ကနေဒါအာဏာပိုင်များက ဖိုက်ဇာဆေးကုမ္ပဏီ၏ ကိုဗစ်-၁၉ ရောဂါကုသသည့် သောက်ဆေး Paxlovid ကို အသက်၁၈ နှစ်နှင့်အထက်အရွယ်ရှိသည့် ကိုဗစ်-၁၉ ရောဂါအပျော့စားနှင့်အလယ်အလတ်လက္ခဏာရှိသူများအား ကုသရန် အသုံးပြုခွင့်ပေးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို