၃၁ ဒီဇင်ဘာ
ကနေဒါနိုင်ငံသို့ လာရောက်မယ့် ခရီးသွားတွေဟာ နိုင်ငံကို မဝင်ရောက်မီ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း ဆေးစစ်ချက်ပါရှိရမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
ကနေဒါကိုလာရောက်ရန် လေယာဉ်ပေါ်မတက်မီ သုံးရက်အတွင်းမှာ PCR နည်းအသုံးပြုပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးထားတဲ့ ဆေးစစ်ချက်ပါရှိရန် လိုအပ်ပြီးနောက် နိုင်ငံကို ရောက်ရှိလာပြီး ၁၄ ရက် သီးသန့် ခွဲခြားနေထိုင်ရန်လိုအပ်ကြောင်း မနေ့ကကျင်းပတဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို မတ်လကစပြီး အရေးမကြီးတဲ့ ကိစ္စတွေနဲ့ နိုင်ငံကို လာရောက်ခွင့် မရှိအောင် ပိတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဗြိတိန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်တွေ့ရှိကြောင်း ကြေညာခဲ့ပြီးနောက် ဗြိတိန်နိုင်ငံအား ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ နောက်တစ်ရက်မှာ အော်တဝါပြည်နယ်မှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ်ကို တွေ့ရှိခဲ့ပါတယ်။
ကနေဒါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၅၇၁,၀၇၀ ဦးရှိပြီး သေဆုံးသူ ၁၅,၄၄၀ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP